သံဖြူဇရပ် ဇူလိုင် ၁၂
မွန်ပြည်နယ်၊ သံဖြူဇရပ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲဖြစ်သည့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ "လေးမြတ်ဂုဏ်ရည်အာဇာနည်"၊ အလယ်တန်းအဆင့်တွင် "မမေ့စဉ်လာ အာဇာနည်နေ့"၊ မူလတန်းအဆင့်တွင်" ၁၉ ဇူလိုင်မမေ့နိုင် "ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်တွင် "အာဇာနည်မြတ်မမေ့အပ်"၊ အလယ်တန်းဆင့်တွင် "အာဇာည်မျိုးမေ့ရိုးမရှိ"၊ မူလတန်းအဆင့်တွင် "အာဇာနည်နေ့တို့မမေ့" စသည့် ခေါင်းစဉ်များဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၂၅)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)