ဘီးလင်း ဇူလိုင် ၁၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၉ ရက်နေ့က ရင်ချင်းဆက်အမွှာကို ခွဲစိတ်မွေးဖွားခဲ့သော မိခင်အား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြင့် ငွေကျပ် သိန်း ၁၀၀ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ သားဖွားမီးယပ်ဆောင်၌ ပေးအပ်ခဲ့သည်။
အဆိုပါ ရင်ချင်းဆက်အမွှာမွေးဖွားသည့်မိခင်အား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သော ငွေကျပ်သိန်း ၁၀၀ အား ပေးအပ်ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစည်သူအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးနေယုအောင်နှင့် တာဝန်ရှိသူများက သွားရောက်၍ ရင်ချင်းဆက်အမွှာမွေးဖွားသူ ဦးသန့်ဇော်ဦး၏ဇနီး နော်ချောဂေထံသို့လွှဲပြောင်းပေးအပ်ကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)