ချောင်းဆုံ ဇူလိုင် ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၉)ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင် (၁၁) ရက်နေ့အထိ စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း(၂)သောင်း(၅)ထောင်ကျော် ထုတ်ချေးနိုင်ခဲ့ပြီး မိုးစပါး (၄၇၄၂၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးဧက (၆၅၃၀၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူများ လုပ်ငန်းခွင်စတင်ချိန်မှစ၍ ဇွန်လ(၂၀)ရက်နေ့အထိ (၄၇၄၂၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မျိုးကောင်း၊ မျိုးသန့်စပါးများစိုက်ပျိုး၍ အထွက်နှုန်းတိုးများစေရေးအတွက် သွင်းအားစုများနှင့် နည်းပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးမှု လျာထားချက်ပြည့်မီကျော်လွန်စေရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးစပါးစိုက်တောင်သူများအား ယနေ့အထိ ကျေးရွာ(၃၇)ရွာမှ တောင်သူ(၂၄၇၀)ဦး၏ စိုက်ဧက(၁၆၇၅၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၂၅၁၃၅၅၀၀၀၀ိ) ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ကျေးရွာရှိတောင်သူများအား အချိန်မီစိုက်ပျိုးနိုင်ရေး ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကိုကျော် (ချောင်းဆုံ)