ဟုမ္မလင်း ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အ.ထ.က ကက်သာ၌ ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ်စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁း၃၀)နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းစာသင်ခန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း ရှင်းလင်းဆွေးနွေးပြီး (၇၈)နှစ်မြောက်၊ အာဇာနည်နေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က(ကက်သာ)မှ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ၊(၃၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်၊ ကျောင်းအုပ်ဆရာကြီး ဦးသန်းနိုင်ဉီးနှင့် တာဝန်ရှိသူများက ဆုလဒ်များအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)