လှိုင်သာယာ-ဒလ-တွံတေးကားလမ်းဘေးဝဲယာ မိုင်တိုင် ၅/၄ မှ ၆/၀ အထိ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် စတုတ္ထအကြိမ်ကျင်းပ

တွံတေး ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ၊ တွံတေး-လှိုင်သာယာကားလမ်းဘေး ဝဲ/ယာမိုင်တိုင် ( ၅/၄ မှ ၆/၀ ) အထိ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြေစေရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်း ဦးဆောင် ကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီအချိန်က တမံကြီးကျေးရွာ အုပ်စု၊ တွံတေး-လှိုင်သာယာ ကားလမ်းဘေး မိုင်တိုင်(၅/၄ မှ ၆/၀) တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မျိုးသန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှုး ဦးထွန်းအာကာနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦးမှ မန်ဂျန်ရှား(၈၀၀)ပင်၊ မဟော်ဂနီ (၅၀) ပင်၊ ပျဉ်းမ(၅၀)ပင်၊ ငုရွှေဝါ(၅၀)ပင်၊ ခရေ(၅၀)ပင်၊ စုစုပေါင်း(၁၀၀၀)ပင်တို့ စိုက်ပျိုးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်(စတုတ္ထအကြိမ်)အား အောင်မြင်စွာ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးလှိုင်