သာကေတ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ(၃)နာရီက ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစုစုလွင်မှ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ၊ အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်း အသိပေးဆွေးနွေးခဲ့သည်။
ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာစောကိုကိုမောင်မှ သွားနှင့်ခံတွင်းကျန်းမာရေး စနစ်မှန်သွားတိုက်နည်းအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သူနာပြုအဆင့် ၁ ဒေါ်မြတ်မျိုးမြင့်မှ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးမှူး အဆင့် ၁ ဒေါ်ခင်နွယ်ဝင်း TB ရောဂါအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ကျန်းမာရေးမှူး ဒေါ်မြသန်းစိုးမှ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)