မှော်ဘီ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အနာဂတ်ကာလတွင် ဦးဆောင်ဦးရွက်ပြုမည့် လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်တစ်ယောက် ဖြစ်လာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများပါသိရှိရန် လိုအပ်ပါကြောင်း၊ ပြင်ပဗဟုသုတများကို စာကြည့်တိုက်များ၊ ဆိုရှယ်မီဒီယာများမှလည်းကောင်း၊ လေ့လာခြင်းဖြင့် အားလပ်ချိန်များအား အကျိုးရှိရှိအသုံးချကြရန် လိုပါကြောင်းနှင့် စာအုပ်စာပေများအား အကျိုးရှိရှိလေ့လာနိုင်ရေးအတွက် စာပေဆိုင်ရာ အသိပညာရပ်များနှင့် ဖတ်ရှုလေ့လာသင့်သည့် စာပေအညွှန်းများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းကို စာရေးဆရာ (နတ်ရှင်ရွှေဂူ)ရေးသားသည့် "အနာ ဂတ်ကိုမျှော်တွေးပါ" စာအုပ်ဖြင့်ကျင်းပခဲ့ရာ အနာဂတ်ကိုမျော်တွေးပါ ဆောင်းပါးမှ အနာဂတ်ကို မျော်တွေးပြီးပစ္စုပ္ပန် မှာအလုပ်လုပ်ရမှာဖြစ်ပါကြောင်း၊ချမ်းသာတဲ့သူဖြစ်ဖြစ် ဆင်းရဲသူဖြစ်ဖြစ် ဘာကြောင့်ဆင်းရဲလဲ၊ ဘာကြောင့်ချမ်းသာလဲဆိုတာတွေးဖို့လိုအပ်ပါကြောင်း၊ အနာဂတ်အတွက်ပြင်ဆင်ရာမှာ ကိုယ်ကျင့်တရားကောင်းပြီး လူသားဆန်ရမှာဖြစ်ပါကြောင်း၊ လူငယ်များဘဝလှပရေးအတွက် ကိုယ်တိုင်ပြုပြင်ပြောင်းလဲမှရမှာဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ မောင်စိုးပိုင်မောင်ရန်နောင်ဟိန်း၊ မောင်စိုးရာဇာနှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် လူငယ်များက သိရှိလိုသည်များမေးမြန်း၍ သိရှိထားသမျှ ပြန်လည်ဆွေးနွေးကာ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား မြိုနယ်ဦးစီးမှူးက ရှင်းလင်းပြောပြခဲ့ရာ လူငယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။
ဝင်းဇော်(ပြန်/ဆက်)