မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇူလိုင် ၈

မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုသရုပ် ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို အဆိုပါ ပညာရေးဒီဂရီကောလိပ်ပညာပါရီခန်းမတွင် ကျင်းပရာ ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်က စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထိုနောက် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက သင်တန်းသား၊ သင်တန်းသူများ စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် သရုပ်ပြပွဲဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြာသည်။

ဆက်လက်၍ ပညာပါရမီခန်းမရှေ့ကွင်းပြင် လက်တွေ့သရုပ်ပြရာ အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်သန်းနိုင် ရှင်းလင်းပြောပြောကြားသည်။ ထိုနောက် ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်ခြောက်၊ အမှိုက်စိုနှင့် ပလပ်စတစ်အမှိုက် ၄ မျိုးခွဲခြားစွန့်ပစ်ခြင်းကို ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက သက်ဆိုင်ရာအမှိုက်ပုံးများအတွင်းသို့ လက်တွေ့စွန့်ပစ်ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  

ချမ်းသာ