စစ်ကိုင်း ဇူလိုင် ၈
စစ်ကိုင်းမြို့တွင် ခရိုင်၊ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်၊ မြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)