အောင်လံ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အောင်လံမြို့စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က လက်နက်မဲ့ အလင်းဝင်ရောက်လာသူများအား ဆုံးမဩဝါဒစကားပြောကြားခဲ့ပြီး လက်နက်မဲ့ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က လက်နက်မဲ့အလင်းဝင်ရောက်လာသူ မသိမ့်သိမ့်သူအား ဖခင်ဖြစ်သူ ဦးစိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်က လက်နက်မဲ့အလင်းဝင်ရောက်လာသူ ဒေါ်ရည်မွန်အား မိခင်ဖြစ်သူ ဒေါ်ပြည့်ပြည့်တိုးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)