သံဖြူဇရပ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ

သံဖြူဇရပ် ဇူလိုင် ၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းသရုပ်ပြသခြင်းကို ဇူလိုင် ၅ ရက် နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများအား အသိပညာပေး သရုပ်ခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အမှာစကားပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးက စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် အကြောင်းအရာများအားရှင်းလင်းပြောကြားခြင်းနှင့်  စက်သုံးဆီ အရောင်းဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)