တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ဆေးဝါးများလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မောင်းတိုင်()ရပ်ကွက်၊ ငှက်ပစ်တောင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ဆေးဝါးလှူဒါန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုဝင်းဦးဆောင်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ တောင်တွင်းကြီးမြို့၊ ငှက်ပစ်တောင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွား (၁၆)ဦးအား ဆေးဝါးများနှင့် အာဟာရမုန့်များ လှူဒါန်းခဲ့သည်။ ထို့နောက် ငှက်ပစ်တောင်ဘိုးဘွားရိပ်သာအတွင်းရှိ စေတီပုထိုးတို့၏ ရင်ပြင်တော်နှင့် ဓမ္မာရုံတွင် အမှိုက်များနှင့် ပေါင်းမြက်များရှင်းလင်း​ကောက်ယူခြင်း၊ အဝင်အထွက်လမ်းများ တံမြက်စည်းလဲခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဝါတွင်းကာလတရားအားထုတ်မည့် သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ်ယောဂီများ၊ သက်ကြီးရွယ်အို=​မိဘပြည်သူများအားလုံး အေးချမ်းသာယာသော သဘာဝပတ်ဝန်းကျင်အတွင်း အန္တရာယ်ကင်းဘေးရှင်းစွာဖြင့် တရားဘာဝနာများ အဆင်ပြေပြေ အားထုတ်နိုင်ရန်နှင့် ဝါတွင်းကာလ ဥပုဒ်သီလများ ဆောက်တည်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)