ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၂၇) ကြိမ်မြောက် ဝါဆိုသင်္ကန်ကပ်လှူပူဇော်ပွဲ ကျင်းပ

ကျောက်တလုံးကြီး ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဘုရားအမှူးရှိသော သင်္ဃာတော်အရှင်သူမြတ်တို့အား မိုးတွင်းကာလတွင် အသုံးပြုအပ်သော ဝဿာဝါသိက ဝါဆိုသင်္ကန်းဆက်ကက်လှူဒါန်းပွဲကို ယနေ့ နံနက် ၆ နာရီက  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်နှင့်ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများက သင်္ဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်တို့ကို ဆပ်ကပ်လှူဒါန်းကြပြီး နောင်လုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် တရားတော်များအားနာယူကြည်ညိုကြ၍ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် ဝါဆိုသင်္ကန်းကပ်လှူပွဲသို့လာရောက်ကြသော ဌာနဆိုင်ရာများ၊ ရပ်နီး၊ ရပ်ဝေးမှ ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။

သန္တာဝင်း(ပြန်/ဆက်)