နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

နတ်မောက် ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းကျန်းမာရေး ဆရာမဒေါက်တာယုရွှေစင်၊ မြို့နယ်ကျန်းမာရေးမှူး (၁)ဒေါ်ရီရီငြိမ်းနှင့် ဝန်ထမ်းများက အထက်တန်းအဆင့်၊  အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ မျက်စိနာခြင်း၊ မျက်စိစွေခြင်းများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သွားနှင့်ခံတွင်းကျန်းမာရေးဆရာမ ဒေါက်တာယုရွှေစင်က သွားကြမ်းပိုးစားသည့် ကျောင်းသား/သူများအား အခမဲ့သွားနှုတ်ပေးခဲ့ကြောင်း သိရသည်။၊

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာများကို စစ်ဆေးပြီး ဆေးဝါးများကို ပေးအပ်ခဲ့ရာ ဆရာ/မ များကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း