ရေနံချောင်း ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်ပတ္တမြားခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနာယက ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်နှင့် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာချောခင်တို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ရေးဖြေ၊ နှုတ်ဖြေနှင့် လက်တွေ့စာမေးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သည်။
အဆိုပါသင်တန်းကို ရေနံချောင်းတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ ကြက်ခြေနီစိတ်ဓာတ်နှင့် အရေးပေါ်ရှေးဦးပြုခြင်းအခြေခံအချက်များကို သိရှိနားလည်တတ်မြောက်စေရန်ရည်ရွယ်၍ ဇူလိုင် ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ သင်တန်းနည်းပြများက သင်တန်းကာလ ၃ ရက်ကြာ စာတွေ့လက်တွေိ့ပို့ချခဲ့ပြီး သင်တန်းသားသင်တန်းသူ ၅၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်