တောင်တွင်းကြီး ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ဇူလိုင် (၆) ရက်နေ့ နေ့လယ် ၂ နာရီက တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက် ငှက်ပစ်တောင် ဘိုးဘွားရိပ်သာ၊ ပရဟိတဆေးခန်း၌ ဆေးကုသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဘိုးဘွား(၁၆)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဆေးစစ်ခြင်း၊ ဆေးထည့်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ဆေးဝါးများအခမဲ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)