ဝန်းသိုမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဝန်းသို ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၅ နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဩကာသကန်တော့ချိုးဖြင့်ကန်တော့၍ ရွှေကျောင်းကျောင်း တိုက်ဆရာတော်၊ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် အမှတ်(၇၇၂) နည်းဗျုဟာအဖွဲ့၊ နည်းဗျုဟာမှူး၊ ဗိုလ်မှူးကြီး သော်ဇင်နိုင်၊ ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မျိုးသူ၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်မိုးခက်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ ဦးစည်သူကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်ဟောကြားချီးမြှင့်ကာ ရွှေကျောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိ ဿရက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရား ချီးမြှင့်ဟောကြားပေးခဲ့သည်။

ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်း တို့က ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွက်ဆို၍ အဆိုပါအခမ်းအနားအားရုပ်သိမ်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)