ငပုတောမြို့နယ်၌ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစေရေးစီမံကိန်း” အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကျင်းပ

ငပုတော ဇူလိုင် ၇

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအား ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အသေစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်‌ကြားရေးမှူး ဦးအောင်ဖြိုးက အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအား(၁)လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မွမ်းမံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို (၁၅)ရက်ကြာဖွင့်လှစ်ဆောင်ရွက်မှာဖြစ်ကြောင်း၊ သင်တန်းမှထူးချွန်သူ(၅)ဦးရွေးချယ်ကာ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ‌ပေးအပ်၍ လုပ်ငန်းထူထောင်ပေးသွားမှဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာပြီး အလုပ်မဲ့ဦးရေလျော့နည်းသွားမှာဖြစ်‌ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အထိ (၃)နှစ်ရှိပြီဖြစ်‌ကြောင်း၊ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းအားတိုး၍ ဆောင်ရွက်သွား

မှာဖြစ်ပါ‌ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ဝင်ငွေတိုးစီမံကိန်းသင်တန်း(၂၀)ကို အကောင် အထည်ဖော် ဆောင်ရွက်‌နေပါကြောင်း ပြောကြားသည်။

အဆိုပါ ဝင်ငွေတိုးစီမံကိန်း အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအား  သင်တန်းသား (၁၀) ဦးဖြင့်  စာတွေ့လက်တွေ့သင်ကြားပိုချသွားမှာဖြစ်ကြောင်းသိရသည်။

အောင်သူ