မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ဆေးကုသ

မြစ်သား ဇူလိုင် ၇                 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ဘူတာရပ်ကွက်အတွင်းရှိ ပြည်သူ များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေး ကုသခြင်းကို ဇူလိုင် ၆ ရက်က ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ဘူတာရပ်ကွက်အတွင်းရှိ‌ အ‌‌ထွေထွေ‌ ရောဂါလူနာများ ၊ ကိုယ်ဝန်ဆောင်နှင့်သားဖွားမီးယပ် လူနာများ၊ အရိုးအကြောနှင့် ပတ်သက် သည့်လူနာများ စုစုပေါင်းလူနာ ၁၈၃ ဦးကို ကျန်းမာရေးကုသပေးရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ထို့အတူ ဘူတာရပ်ကွက်အတွင်းရှိ ပြည်သူများအား ခြင်ထောင်(၁၅)လုံး‌ပေးအပ်ကာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာ‌ပေးဟောပြောခဲ့‌ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)