ကြံခင်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ယမန်နေ့က စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကျင်းပခဲ့ရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်း ကျောင်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး စာချကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တထံမှ ငါးပါးသီလခံယူစောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး မူလွန် (မြို့မတောင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ မိဘဆရာအသင်း ကျောင်းကော်မတီအဖွဲ့ဝင်များက ပင့်ဖိတ်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ကျောင်းသစ်ဆရာတော် ဦးဝါယမိန္ဒထံမှ အနုမောဒနတရားချီးမြှင့်ပြီး ရေဝင်းကျောင်းတိုက် ဆရာတော် ဦးစိန္တိတထံမှ လှူဒါန်း မှူ အစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကြ၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အလားတူ အခြေခံပညာမူလတန်းကျောင်း(ချောင်းဝ)တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း