သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်အကြောင်း အသိပညာပေး ဟောပြော

သာပေါင်း ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင် ခန်းမ၌ ကျင်းပခဲ့သည်။
ငလျင်အကြောင်း အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူလွင်က ငလျင်နှင့် ယင်းကိုဖြစ်ပွားစေသည့် အကြောင်းရင်းများ၊ ငလျင်များအကြောင်း သိရှိရန်လိုအပ်ပုံ၊ ငလျင်ကြောင့် ဖြစ်လေ့ရှိသော ထိခိုက်မှုနှင့် ပျက်စီးမှုများ၊ ငလျင်အန္တရာယ်လျော့နည်းစေရန် လုပ်ဆောင်သင့်သောအချက်များ၊ ငလျင်မလှုပ်မီ လုပ်ဆောင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ် လုပ်ဆောင်ရန်အချက်များ၊ ငလျင်လှုပ်ပြီးလုပ်ဆောင်ရန်အချက်များ၊ နောက်ဆက်တွဲငလျင်ဆိုသည်မှာ ငလျင်ကြီးလှုပ်ပြီး ဆက်လက်ဖြစ်ပေါ်သော ငလျင်လတ်နှင့် ငလျင်ငယ်များကို နောက်ဆက်တွဲ ငလျင်များဟုခေါ်သည်။ ယင်းတို့ကြောင့်အက်ကွဲနေသော အဆောက်အအုံများ ပြိုကျတတ်သည်။ ယင်းငလျင်မျိုးများသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ်ပိုင်းမှသည် လပိုင်းအထိဆက်လက်ဖြစ်ပွားနိုင်‌ကြောင်း၊ ငလျင်ပြင်းထန်အားနှင့် ငလျင်ပမာဏတို့ အကြောင်းအရာများအား ပရိုဂျက်တာဖြင့်
  ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးနိုင်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူတို့ကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး