လဟယ်မြို့တွင် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လဟယ် ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ မြို့တွင်းသန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီကလဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာ ပြည်သူ့ဆေးရုံ၀န်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင်စေတီကုန်း ပတ်လည် မြက်ပင်ခြုံနွယ်များခုတ်ထွင်းရှင်း လင်းခြင်းများကိုဒေသ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ၀န်ထမ်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆေးရုံ၀င်းအတွင်း မြက်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းစုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်နေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့်အဖွဲ့၀င်များ၊လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သက်ထူးနှင့်အဖွဲ့၀င်များက အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)