စလင်းမြို့နယ်၌ ဒို့မေတ္တာကုသိုလ်(၈)မျိုးအခမဲ့ကူညီရေးအသင်းမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

စလင်း  ဇူလိုင်  ၅

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ စလင်းမြို့နယ်  ဒို့မေတ္တာကုသိုလ်(၈မျိုး  အခမဲ့ကူညီရေးအသင်းမှ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး  စောင့်ရှောက်မှုများပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦး ကျောင်းဝန်းအတွင်း၌ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

အဆိုပါ  ကျန်းမာရေးစောင့်ရှေက်ပေးနေမှုများအာယ ငွေတောင်ဦးကျောင်ဆရာတော် ဦးပါသီရိမှ  ဦးဆောင်ကြီးကြပ်မှုဖြင့်  ဆေးဝါးကျွမ်းကျင်ဆရာဝန်  (၄)ဦး၊ဆေးဝါးကျွမ်းကျင်သူ  စေတနာရှင် (၃၅) ဦး၊ တိုင်းရင်းဆေးဆရာ(၁)ဦးတို့ဖြင့် စုပေါင်း၍  ကျန်းမာရေးချို့တဲ့သူ  ရပ်ဝေးရပ်နီးမှ ဝေဒနာရှင်များအား  ဆေးကုသပေးခြင်းကို  နံနက်(၇)နာရီမှ  နေ့လယ်(၁)နာရီ အထိ ရောဂါဝေဒနာများအား.  စမ်းသပ်စစ်ဆေး၍  စားဆေး၊ သောက်ဆေးများပေးဝေ၍  အခမဲ့ကုသ ပေးလျက်ရှိရာ  ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်ပြည်သူ(၃၁၆)ဦးအား  စမ်းသပ်စစ်ဆေး၍  ကုသပေးလျက်ရှိကြောင်း  သိရသည်။

ဒို့မေတ္တာအခမဲ့ဆေးခန်းအား  လစဥ်ပထမပတ်  စနေနေ့တိုင်း  အခမဲ့ကုသပေးခဲ့ပြီး  ဒို့မေတ္တာကုသိုလ(၈)မျိုး  အခမဲ့ကူညီရေးအသက်း  စတင်တည်ထောင်သည့်နေ့မှစ၍  လစဥ်/နှစ်စဥ်စေတနာရှင်ပြည်သူများ၏  ထည့်ဝင်လှူဒါန်းလျက်ရှိရာ  ယနေ့ဇူလိုင်လ(၅)ရက်နေ့အထိ   ပြည်သူအများ၏ထည့်ဝင် လှူဒါန်းမှုများဖြင့်  စုပေါင်းလှူဒါန်း  ကုသပေးလျက်ရှိကြောင်း  ဒို့မေတ္တာကုသိုလ်(၈)မျိုး   အခမဲ့ကူညီ မှုအသင်းမှ သိရသည်။

မောင်လွင် (စလင်း)