စေတုတ္တရာ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ကေသီမွန်နှင့် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့၏ အမည်စာရင်းများကြေငြာကာ ကျောင်းအုပ်ဆရာမကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး ကျောင်း ကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်း၊ တက်ရောက်သူအားလုံး နိုင်ငံတော်သီချင်း စုပေါင်းသံပြိုင်သီဆိုခြင်း ကျောင်းကောင်စီအဖွဲ့ဝင်များ စီတန်းလှည့်လည်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)