နတ်မောက်မြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နတ်မောက် ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် (မြို့နယ်အဆင့်)ကို ယနေ့နံနက် ၈ နာရီအချိန်က နတ်မောက်မြို့ ရန်အောင်မြင်ရပ်ကွက် ကိုယ်ထူကိုယ်ထအခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၊ မြို့နယ်သစ်ပင်ချစ်သူများအဖွဲ့၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများ စုစုပေါင်း(၃၀၅)ဦးတို့က ကျွန်း(၅၀)ပင်၊ စိန်ပန်းကြီး (၁၅၀)ပင်၊ စိန်တံခြူ(၁၀၀)ပင်၊ ဆီသပြေ (၁၀၀) ပင်၊ ငုရွှေဝါ(၅၀)ပင်၊တပေဘူ တ(၁၅၀)ပင် စုစုပေါင်း(၆၀၀)ပင်တို့ကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပစေရန်နှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ နိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာစေ ရန်ရည်ရွယ်၍စိုက်ပွဲတော်ကျင်းပပြုလုပ် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လှဝင်း