ချောက်မြို့ အ.ထ.က(၃)ကျောင်း၌ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာ ရေးစစ်ဆေးခြင်းများဆောင်ရွက်

ချောက် ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ ချောက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများကို ယမန်‌နေ့နံနက် ၉ နာရီခွဲက အ.ထ.က (၃)ကျောင်း၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ဒေါက်တာဇင်မင်းကျော်၊ ဒေါက်တာတိုးတိုးမေနှင့် ကျောင်းကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအခြေပြုပဏာမမျက်စိကျန်းမာရေးစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးခြင်းအပါအဝင် ကျောင်းကျန်းမာရေးစစ်ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာအတန်းအလိုက် KG မှ Grade-5 အထိ ဖြည့်သွင်းရမည့် ကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်တွင် စနစ်တကျဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)