စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ၂၀၂၅-ခုနှစ် မိုးရာသီ စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ‌ကျင်းပ

မုံရွာ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီ က အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးနှင့်ဇနီးတို့က စိုက်ပျိုးမည့်ပျိုးပင်များအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီးနောက် သန္ဓေတပ်ဖွဲ့ဝင် ၅၀ ဦးမိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ၁၄ ဦးတို့က စိန်တစ်လုံးသရက် ၁ဝဝ ပင်နှင့် မန်ကျဉ်းပင် ၇၅ ပင် စုစုပေါင်း (၁၇၅)ပင်အား သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး နှင့်တာဝန်ရှိသူများက ပျိုးပင်များစုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)