ကျွန်းလှမြို့နယ်၌ တောင်သူပညာပေးဆွေးနွေးပွဲကျင်းပ

ကျွန်းလှ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အင်းကောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်း၊ အဖွဲ့ဝင် (၂) ဦးစိုးကျော်နိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်း တို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးရဲလင်းထွန်းက‌ မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း၊ ပျိုးထောင်နည်း ဘက်စုံသီးနှံကာကွယ်ရေးစနစ်နှင့် နှိမ်နင်းနည်းများ၊ ဖောငမြောင်တောင်ပိုး၏ဘဝစက်ဝန်းနှင့်နှိမ်နင်းနည်းတို့ကိုရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက မိုးရာသီဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ