ရွှေတောင်စု ကျေးရွာတွင် ကမ္ဘာ့‌‌ကျေးလက်ဖွံ့ဖြိုး‌ရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

အင်္ဂပူ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ကမ္ဘာ့‌ကျေးလက်ဖွံ့ဖြိုး‌ရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုယနေ့ နံနက်ပိုင်းက ‌မကျည်းကုန်းကျေးရွာအုပ်စုရှိ ရွှေတောင်စုကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်တာဝန်ရှိများက ပေးအပ်ရာသက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းနိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့်မှ စုပေါင်း၍ ကျွန်း၊ ‌ရေတမာပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင် စုစုပေါင်း (၁၀၀) ပင်အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

မန်းကျော် (ပြန်/ဆက်)