ကန့်ဘလူမြို့၌ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ကန့်ဘလူ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စိုက်ပျိုရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက အမှာစကားပြောကြားရာတွင် သီးနှံစိုက်စွမ်းအားမြင့်မားရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရေး၊ အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သင်တန်းသားများသည် ဒေသခံတောင်သူတွေ နှင့်အနီးကပ်ထိတွေ့ရသူများဖြစ်၍ သင်တန်းမှသင်ကြားပို့ချသည်များကို ဂရုတစိုက်လေ့လာမှတ်သားကာ ပြန်လည်မျှဝေပေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုရေးဦးစီးမှူး ဒေါ်လှကြိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကွင်းဝန်ထမ်းများ၊ တိုက်နယ်တာဝန်ခံများ ၃၄ ဦးတက်ရောက်ကြပြီး သင်တန်းကာလ တစ်ရက်တာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုးတာဝန်ခံများက အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေး၊ မျိုးသန့်ထိန်းသိမ်းခြင်း၊ စပါးစံကွက်ရိတ်သိမ်းနည်းနစ်၊ ဘက်စုံပိုးမွှားကာကွယ်နှိမိနင်းနည်းပညာ၊ စပါးသီးနှံ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ အပင်ဟာအာရစီမံခန့်ခွဲမှုနည်းပညာများကို သင်ကြားပို့ချပေးပြီး အပြန်အလှန်ဆွေးနွေးခြင်းနှင့်ပြန်လည်ဆန်းစစ်ခြင်းများပြုလုပ်၍ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း