ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ မိုးစပါးများ စတင်စိုက်ပျိုး

ကျောက်ဖြူ   ဇူလိုင်  ၄

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့၌  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးတစ်ဧက ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုးစားဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ပထမပတ်တွင် တောင်ရင်းကျေးရွာရှိ တောင်သူဦးခင်အောင်၏ လယ်တွင် ဆင်းသွယ်လတ် မိုးစပါးများ စတင်စိုက်ပျိုးသည်။

ထိုသို့ စတင်စိုက်ပျိုးရာတွင် ဆင်းသွယ်လတ်စပါးမျိုးအား ပျိုးသက်မှန်ဖြင့် တစ်ဧကကောက်ကွက် ပြည့်မီစွာ စိုက်ပျိုးလျက်ရှိပြီး တောင်သူနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)