စစ်တွေ ဇူလိုင် ၂
ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာခြံဝင်း၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူ များတက်ရောက်ကြ သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်နှင့် ရခိုင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က စိုက်ပျိုးမည့်ပျိုးပင်များအား အသင်း၊ အဖွဲ့များနှင့်ဌာနဆိုင်ရာများကို ပေးအပ်ကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးမည့် သတ်မှတ်နေရာများတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မဟော်ဂနီပင် အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်က ခရေပင်အားလည်းကောင်းစိုက်ပျိုးပေးကြသည်။ ဆက်လက်၍ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များက သတ်မှတ်ထားသော သစ်ပင်များအား သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် သစ်ပင်စိုက်ပျိုးပွဲသို့တက် ရောက်လာကြသူများမှ သစ်ပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာအမျိုးသမီးများနေ့အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ၊ ခရေ၊ သင်းဝင်၊ ပြိုင်းမ၊ ခမောင်းစသည့် သစ်ပင်ပေါင်း ၂၅၀ ကျော်ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)