​​မော်ချီး​ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

ဖား​ဆောင်း ဒီဇင်ဘာ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မော်ချီး​ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မော်ချီး​အောက်ရွာ၊ လိုခါးလိုကွက်သစ်(​အောင်ချမ်းသာ​စျေးတန်း)တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ​ဖား​ဆောင်းမြို့နယ်၊​ မော်ချီး​ဒေသ၊ လိုခါးလိုတိုက်နယ်​ဆေးရုံမှ​ ဒေါက်တာရဲ​နောင်ကို​ ဦး​ဆောင်၍ ကျေးရွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး  ကော်မတီဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများအား Mask များ အခမဲ့ဝေငှပေး ခြင်း၊ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)