ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

အင်းစိန် ဇူလိုင် ၁

မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ်ကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

ထိုသို့ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးပရိတ်သတ်များက ကြည့်ရှုအားပေးကြရာ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် တာ့ခ်မင်နစ္စတန် လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် ပွဲပြီးဆုံးချိန်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းမှ (၈)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ် အုပ်စု(C)တွင် ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်နှင့် တာ့ခ်မင်နစ္စတန်အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး  မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ကျန်ပွဲစဉ်များအဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ဘာရိန်းအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)