အလုံ ဇူလိုင် ၁
အလုံမြို့နယ်၌ နိုင်ငံ့၀န်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများ သက်ရှည်ကျန်းမာစွာနေထိုင်သွားနိုင်ရေး၊ ဒေသတွင်းရှိ နိုင်ငံ့၀န်ထမ်းများနှင့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer (Comirnaty JN.1) ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေးPfizer(Comirnaty JN.1) ထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်ဦးဆောင်သော ကျန််းမာရေးဝန်ထမ်းများမှ ဦးတည်အုပ်စုများဖြစ်သော အသက်(၁၈)နှစ်ပြည့်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မှထိုးနှံခြင်းမရှိသေးသူများနှင့် ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူများကို လိုအပ်သောကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများဆောင်ရွက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူစုစုပေါင်း(၁၀၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) အား စနစ်တကျ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်၀န်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ(ပြန်/ဆက်)