ငရုတ်ကောင်း ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးဝန်းရှေ့တွင် ယမန်နေ့နံနက် (၉)နာရီက အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုပတ်ဝန်းကျင်၏ညစ်ညမ်းမှုအခြေအနေမှ လျော့ကျစေရန်ရည်ရွယ်ပြီး အသိပညာပေးသရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းဖြစ်ရာ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦးနှင့် အဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးမိုးကျော်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူများအား စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင်မြို့အတွင်းရှိ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်စသည့် အမှိုက်များအား အမှိုက်ပုံး (၄) ပုံးထားရှိပြီး စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေ အသိပညာပေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)