မော်လမြိုင် ဇွန် ၂၉
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ တည်ဆောက်လျက်ရှိသော တိုင်းရင်းသားယဉ်ကျေးမှု စင်တာသို့ ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင်PROJECT ZONE A (2.97 Acres)နှင့်PROJECT ZONE B(2.96 Acres) တည်ဆောက်ရေးလုပ်ငန်းကုမ္မဏီ တာဝန်ရှိသူများမှ မွန်၊ ကရင် ပအိုဝ်း၊ ဗမာတို့၏ ရိုးရာနေအိမ်၊ အဆောက်အဦ ဆောက်လုပ်မှုနှင့် ပက်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်နှင့် အခြားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု၊ အနုပညာများကို တစ်နေရာတည်း၌ အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာ၊ သမိုင်းအမွေအနှစ်နှင့် Land mark တို့ပါ ထည့်သွင်းစေရေး၊ သတ်မှတ်ဘဏ္ဏာရေးနှစ်အတွင်း အချိန်မီပြီးစီးစေရေးနှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီစေရေး အထူးအလေးထား ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)