သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ​ရေပြင်သက်ကယ်သဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

သံဖြူဇရပ် ဇွန်  ၂၈

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ​ရေပြင်သက်ကယ်ဇတ်တိုက်​လေ့ကျင့်ခြင်းနှင့် သဘာဝ​ဘေးအသိပညာ​ပေးခြင်းကို ယ​နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ အင်း၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် မုန်တိုင်း​ဘေးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ​ရေပြင်သက်ကယ်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦး​အောင်မိုးလွင်ကအဖွင့်အမှာစကား​ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေး၊ မြို့နယ်​ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှုးဦးသူရ​အောင်တို့က မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်သည့် မုန်တိုင်းမဖြစ်မီ၊ ဖြစ်ပွားနေစဥ်နှင့် ဖြစ်ပွားပြီးအချိန်တို့တွင် ဆောင်ရွက်ရမည့် အရောင်အမှတ်အသားအလံများဖြင့် ရှင်းလင်းပြသခြင်း၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက ပြင်ဆင်ရန်လိုအပ်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများအား သရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ လူနာများအား ရှေးဦးပြုစုပြီး ဆေးရုံသို့ပို့ဆောင်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)