ရေး ဇွန် ၂၈
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data)ကောက်ယူ၍ UID (Unique Identification Number)နံပါတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေးခရိုင်ဦးစီးမှူး ဦးရည်သန့်က “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရေးမြို့နယ်၊ တပ်နယ်မှူးဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းနှင့် မြို့နယ်စီမံအဖွဲ့ဝင်များသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေးမြို့နယ်ဦးစီးမှူး ဦးဌေးဝင်းဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၇၆ ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အီလက်ထရောနစ်နည်းပညာဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) စာရင်းကောက်ယူ၍ ဆောင်ရွက်ပေးမှုကို လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် နေ့ချင်းပြီး ပေးအပ်ခဲ့သည်။
ထို့အတူ ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အဆိုပါပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းပေးခြင်းကို အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ