တောင်တွင်းကြီး ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနနှင့် သစ်ပင်ချစ်သူများကွန်ယက် (တောင်တွင်းကြီးမြို့)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရတနာပွင့်လှကန်တော်ကြီးကန်အနီး၌ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်စိုးက လွဲပြောင်းပေးအပ်ခဲ့သည့် ပျိုးပင်များကို သစ်ပင်ချစ်မြတ်နိုးသူကွန်ယက်မှတာဝန်ရှိသူများက လက်ခံခဲ့ကာအရိပ်ရကြီးမြန်ပင်(၂၀၀)ပင်အား သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
“တို့ကမ္ဘာမြေတစ်ခွင် သာယာလှပစေဖို့ သဘာဝကိုထိန်းသိမ်းစို့” ခေါင်းစဥ်ဖြင့် သစ်ပင်ချစ်မြတ်နိုးသူများကွန်ယက်မှ သစ်ပင်များကို စံနမူနာအဖြစ်စိုက်ပျိုးပြသခဲ့ပြီး အောင်မြင်ဖြစ်ထွန်းမူကို ပြည်သူများက သိရှိစေရန်၊ ကိုယ်တိုင်လိုက်ပါဝင်ဆောင်ရွက်ပြီး သစ်ပင်များကို ချစ်မြတ်နိုးတက်လာစေရန်နှင့် ဒေသတွင်း စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်များကို မိုးရာသီအကြိုကာလများတွင် နှစ်စဥ်ကျင်းပရခြင်းဖြစ်ကြောင်း သစ်ပင်ချစ်သူကွန်ယက်အဖွဲ့ထံမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)