ကျိုက်မရော ဇွန် ၂၇
မွန်ပြည်နယ် ကျိုက်မရောမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိူဌာနခန်းမ၌ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၂၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ကြောကြားပြီး မူးယစ်ဆေးဝါး၏ အန္တရာယ်နှင် ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များကို ကျောင်းသား၊ ကျောင်းသားများ လေ့လာမှတ်သားနိုင်စေရန် နံရံကပ်စာစောင်ပြခန်းများဖြင့် ခင်းကျင်းပြသထားရာ အ.မ.က မူလွန်ကလိုင်းကနိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)