သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

နေပြည်တော် ဇွန် ၂၆

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၅ ရက်နေ့တွင် ဘီလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က (ဘီးလင်း)ကျောင်းနှင့် အ.ထ.က(ကန်သာယာ)ကျောင်းများသို့ သွားရောက်ဖြန့်ဝေပေးခြင်း၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပေါင်မြို့ပေါ်ရှိ အထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းများ၊ ပေါင်မြို့မဈေးနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သထုံမြို့ပေါ်ရှိ အထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းများ၊ သထုံမြို့မဈေးနှင့် သုဝဏ္ဏဈေးတို့မှ ဈေးရောင်းဈေးဝယ်သူများအား မူးယစ်ဆေး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိသတိမူရေးဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဇွန်လ (၂၆) ရက်နေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများသို့သွားရောက်၍ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် မဟာဗျူဟာ (၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌမှ ပေးပို့သည့်သဝဏ်လွှာ ကောက်နုတ်ချက်"ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ"၊ "ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးတိုက်ဖျက်ပေး" ဆောင်ပုဒ်၊ "အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့" ဆောင်ပုဒ်၊ စာရေးဆရာမောင်ကျေးဇူး ရေးသားသည့် အဆိပ်ပန်းကဗျာနှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ထားသည့် မှတ်တမ်းဓါတ်ပုံများ၊ ကာတွန်းများ ထည့်သွင်းရေးသားဖော်ပြထားကြောင်း သိရသည်။