သဲကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိညာပေးဟောပြောပွဲ၊ စာစီစာကုံးနှင့်ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

သဲကုန်း ဇွန် ၂၆

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့အကြို ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သဲကုန်းမြို့နယ် ဥပဒေအရာရှိ ဒေါ်ခိုင်ဇင်အောင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေက မူးယစ်ဆေးဝါးဆိုးကျိုးများ  အကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် "မူးယစ်အန္တရာယ်ပြည့်ရန်စွယ်" ခေါင်းစဉ်ဖြင့် စာစီစာကုံး​ပြိုင်ပွဲတွင် ဆုရရှိကြသော အ.ထ.က(ပုတီးကုန်း)မှ မောင်ခေတ်လင်းရောင်(ပထမ)ဆု၊ အ.ထ.က(ခွဲ)အင်ပင်လှမှ မအေးသီရိကျော်(ဒုတိယ)ဆု၊ အ.ထ.က(သဲကုန်း)မှ မချောသရဖီလင်း(တတိယ)ဆုနှင့် ဉာဏ်ပဟေဠိပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံပိုစတာများကိုပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)