ပေါင်းတည်၌ မိုးစပါး ၄၂၄၅၂ ဧက စိုက်ပျိုးပြီးစီး လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးပမ်းဆောင်ရွက်

ပေါင်းတည် ဇွန် ၂၆

 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မိုးစပါး ၄၂၄၅၂ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာတို့မှ သိရှိရသည်။

၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် မိုးစပါး ၇၃၅၁၅ ဧကစိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ လျာထားချက်ထက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ရေတော်မိုးတော်ဖြင့် မိုးစပါးများပန်းတိုင်အထွက်နှုန်း  တစ်ဧက တင်း ၁၀၀ နှင့်အထက်ထွက်ရှိရန် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က တောင်သူများနှင်ပူးပေါင်းကြိုးပမ်းလျက်ရှိ​ကြသည်။

ထိုသို့ စပါးအထွက်နှုန်းတိုးမြှင့်ရေးအတွက် တောင်သူများအား ခေတ်မီစိုက်နည်းစနစ်ကောင်းများဖြင့် စိုက်ပျိုးနိုင်စေရေး၊ မျိုးကောင်း မျိုးသန့် စပါးမျိုးများ ရွေးချယ်စိုက်ပျိုးစေနိုင်ရေး၊ သီးနှံဖျက်ပိုးမွှားရောဂါများ နှိမ်နှင်းရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ကြပ်တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိ​သည်။

စိုက်ပျိုးရန် ကျန်ရှိမိုးစပါးစိုက်ဧကများကို  အချိန်နှင့်တစ်ပြေးညီစိုက်ပျိုးပြီးစီးနိုင်ရေး စိုက်ပျိုးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့က တောင်သူများနှင့်အတူ အစေ့ချကိရိယာ(Drum Seeder)များဖြင့်လည်းကောင်း၊ ကောက်စိုက်စက်အမျိုးမျိုးဖြင့်လည်းကောင်း၊ လက်စိုက်နည်းဖြင့်လည်းကောင်း ဆက်လက်စိုက်ပျိုးလျက်ရှိ​ကြောင်း သိရှိရသည်။

ရွှေသား