ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်

ခန္တီး ဇွန် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့မွန်းလွဲ (၁)နာရီအချိန်က ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ပြည်သူ့စစ်မှုထမ်း‌ဆောင်ခြင်းနှင့်ပတ်သတ်၍ နိုင်ငံသူနိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် လိုအပ်၍ ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း နိုင်ငံတကာတွင်လည်းပြဋ္ဌာန်းထားကြောင်း၊ မိမိနိုင်ငံနှင့်လူမျိုးကာကွယ်ရန်မှာ မိမိတွင်တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သတ်၍ ရရှိလာမည့် အကျိုးခံစားခွင့်များအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသက်ထွဋ်က ပြည်သူ့စစ်မှုထမ်းဥပဒေအား ဖောက်ဖျက်ပါက ရရှိမည့်ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)မြို့နယ်လဝကမှူး ဦးညွှန့်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများနှင့် ကင်းလွှတ်ခွင့်ရရှိသူများအကြောင်းအားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် မိဘပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာအသီးသီး ပြန်လည်ဆွေးနွေးပေးခဲ့ကာ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်‌ဝေပေးခဲ့သည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ဆင်သေကျေးရွာ၊ နန်မုံကျေးရွာ၊ လက်ဖက်ခင်းကျေးရွာမှ မိဘပြည်သူ (၁၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)