မအူပင် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ကာကွယ်ရေးအတွက် “အဆိပ်ပန်း” ကဗျာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သော အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကို တားဆီးနှိမ်နင်းသည့် စသည့်အကြောင်းအရာများပါရှိသော သတင်းစကားလက်ကမ်းစာစောင်များကို မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအား လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)