ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ကျင်းပ

ခိုလမ် ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အ.ထ.က(ခိုလမ်) ကျောင်းသား/သူများက ကျောင်းကောင်စီ‌တေးသီချင်းကို သံပြိုင်သီဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အမှုဆောင်အဖွဲ့အမည်စာရင်းများဖတ်ကြားကာ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် ကျောင်းသား/သူများအားလုံးက ကတိသစ္စာခံယူခဲ့ကြပြီး ကျောင်းကောင်စီဥက္ကဋ္ဌဦး‌ကျော်စိန်က ကျောင်းကောင်စီတာဝန်အထိမ်းအမှတ် အလံများပေးအပ်ရာ အသင်းလိုက်အဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြသည်။

ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် ကျောင်းသား/သူများအားလုံးက နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)