တောင်ငူမြို့၊ ငွေတောင်ဦးဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေး ကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်

တောင်ငူ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခ​​​ပေါင်းချောင်းရေကြီးရေလျှံမှု​ဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိကျေးရွာများသို့ ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်၊ ငွေတောင်ဦးဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးပေးရာတွင် ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်၏ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ငွေတောင်ဦး ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးရှောင်ပြည်သူများအား ကူးစက်ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပြီး ကျန်းမာရေးကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)