သထုံမြို့ ဈေးမသွယ်အကျဉ်းထောင်၌ အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

သထုံ ဇွန် ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ကုသရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဈေးမသွယ်ကျေးရွာရှိ ဈေးမသွယ်အကျဉ်းထောင်၌ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းနှင့် လိုအပ်သူများအား အထူးကုဆရာဝန်ကြီးများဖြင့် ကုသပေးခြင်းတို့ကို ယမန်နေ့နံနံက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးစောင့်‌ရှောက်မှု‌ပေးရာတွင် သထုံခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးတို့ဦးဆောင်သည့် အရိုး၊ သွားနှင့်ခံတွင်း၊  ခွဲစိတ်ဆရာဝန်ကြီးများနှင့် အထွေထွေရောဂါကု သမားတော်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့တို့က ဈေးမသွယ်အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဌာနဝန်ထမ်းများ၊ အကျဉ်းသားများအား ကျန်းမာရေးစစ်ဆေးကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ လိုအပ်သည့်ဆေးကုသမှုများ လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ကွင်းဆင်းဆေးကုသရာတွင် အထွေထွေရောဂါ ၄၅ ဦး၊ ခွဲစိတ်လူနာ ၁၈ ဦး၊ အရိုးရောဂါ ၁၉ ဦး၊ သွားနှင့်ခံတွင်းရောဂါ ၅ ဦး၊ စုစုပေါင်း ၈၇ ဦးတို့အား စစ်ဆေးကုသပေးနိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)