ကျိုက်မရောမြို့ နတ်စမ်းကျေးရွာ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်မရော ဇွန် ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌ ယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၂ ရက်နေ့နံနက် ၉နာရီ က နတ်စမ်းကျေးရွာဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနော်ခမ်းက ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာရမည့်အချက်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လမ်းညွှန်အမှတ်အသားများအချက်ပြများ၊ ဆောင်ရန်ရှောင်ရန်များနှင့် သိရှိလိုက်နာရမည့်အချက်များကို ရှင်းလင်းဟောပြောပြီး လိုင်စင်မဲ့ယာဥ်များနှင့်ပတ်သက်၍  သိရှိလိုသည်များကို  ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်ကောင်းမြတ်က တက်ရောက်လာသောပြည်သူများ၏ သိရှိလိုသည်များကိုမေးမြန်း၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း  အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နတ်စမ်းကျေးရွာမှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၉၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး